/story/193841/တ-န-စ-ယ-က-ဘ-က-င-ဝ-ရတယ/?load=0
တို့နှစ်ယာက် ဘာကြောင့်ဝေးရတယ် | Penana
arrow_back
တို့နှစ်ယာက် ဘာကြောင့်ဝေးရတယ်
more_vert share bookmark_border file_download
info_outline
format_color_text
toc
exposure_plus_1
coins
Search stories, writers or societies
Continue ReadingClear All
What Others Are ReadingRefresh
X
Never miss what's happening on Penana!
G
တို့နှစ်ယာက် ဘာကြောင့်ဝေးရတယ်
Miel
Intro Table of Contents Top sponsors Comments (0)

ဇာတ်လမ်းအကျဉ်း

ငါ့ရဲ့အိပ်မက်က မင်းပဲ နာဟာယွန်း။

မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ ဟာယွန်းက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ထယ်ဝမ်နဲ့ အကြာကြီး တွဲခဲ့တယ်။ ငယ်ရွယ်နုသစ်တဲ့ ဆယ့်ရှစ်နှစ်အရွယ်မှာ စတင်ခဲ့တဲ့ အချစ်ဟာ နှစ်ဆယ့်ကိုးနှစ်အရွယ်ကို အရောက်မှာတော့ ဆုံးခန်းတိုင်တော့မလို ဖြစ်လာခဲ့တော့တယ်။

"အခု လမ်းခွဲကြရအောင် ထယ်ဝမ်။ ဒီလောက်နဲ့ပဲ ရပ်ကြရအောင်။"

"ဘာဖြစ်လို့ လမ်းခွဲချင်ရတာလဲ။ မချစ်တော့ဘူးလို့ ပြောနေတာလား။"

"ဟင့်အင်း မချစ်တော့တာမဟုတ်ဘူး။"

အချစ်က တဒင်္ဂလေးတောင် ပျောက်မသွားခဲ့ဖူးပါဘူး။ နွေရာသီကာလကို နောက်ခံထားပြီး သူ လျှောက်လာခဲ့တဲ့ အခိုက်အတန့်ကစလို့ အချစ်က အမြဲတမ်း ရှိနေခဲ့တာပါ။

"ငါ နင့်ကို ချစ်နေတုန်းပဲ။"

"ဒါဆို ဘာဖြစ်လို့လဲ။"

ထယ်ဝမ်က နားမလည်နိုင်တဲ့အလား အော်ပြောခဲ့တယ်။

"မနက်ဖြန်တွေမှာ နင့်ကို ဆက်ချစ်သွားဖို့ ယုံကြည်ချက်မရှိလို့။"

"..."

"အကြောင်းရင်းက အဲ့ဒါပဲ။"

မဟုတ်ဘူးလို့ ငြင်းနေတာတောင်မှ အဲ့ဒါ အဆုံးသတ်ပဲလို့ ပြောခဲ့တဲ့ ငါ။

အဆုံးသတ်မှန်း သိနေခဲ့ပေမဲ့ အဆုံးမသတ်နိုင်တဲ့ နင်။

အတူတူရှိနေလေ ငါတို့ကို ဒဏ်ရာတွေ ပိုပေးလေဖြစ်တဲ့ ဒီအချစ်...

အဲ့ဒီအချစ်ကို ငါတို့ ကာကွယ်နိုင်ပါ့မလား။

****

Miel's Translations

Show Comments
BOOKMARK
Total Reading Time: 1 minute
toc Table of Contents
No tags yet.
bookmark_border Bookmark Start Reading >
×


Reset to default

X
×
×

Install this webapp for easier offline reading: tap and then Add to home screen.